လှိုင်းဘွဲ ၂၈ ဩဂုတ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေချိန်အတွင်း မြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်သူများ ရောဂါပိုးကူးစက်ပျံ့ပွားမှုမရှိစေဘဲ အခြေခံစားသောက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ရောင်းဝယ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို ပြည်သူများ လိုက်နာဆောက်ရွက်ရန်၊ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုကြရန်၊ ဈေးသည်များ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတွင် နေထိုင်ရောင်းချရေး၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဈေးဝယ်သူများအား ဈေးအဝင်/အထွက်များတွင် ထားရှိသည့် လက်ဆေးဘေစင်များတွင် လက်များအား သန့်စင်စေခြင်း၊ ဈေးအတွင်းသို့ နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာ ဈေးဝယ်ယူစေခြင်းများကို အသိပညာပေးပြောကြားခဲ့ပြီး ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


