လှိုင်းဘွဲ   ၄  ဇူလိုင်

 

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အများပြည်သူသုံးရေတွင်း ရေကန်များနှင့် နေအိမ်များသို့ ခြင်ဆေးဖြန်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ပေါ် (၄)ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးနှင့် ကျန်းမာရေး ဝန်ထမ်းများက ဦးဆောင်၍ ပိုးလောက်လန်းများ ပေါက်ဖွားနှုန်းမရှိစေရေးအတွက် ကျေးရွာအတွင်း ပြည်သူသုံးရေတွင်း၊ ရေကန်များအား အဘိတ်ဆေးထည့်ခြင်း၊ နေအိမ်များ၌ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် ခြင်ဆေးများ လိုက်လံဖျန်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

 

ထို့ပြင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဘေးပတ်ဝန်းကျင်များကို အမြဲမပြတ် သန့်ရှင်းရေး ပြုလုပ်ကြရန် ကျန်းမာရေးအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)