လှိုင်းဘွဲ၊ ၁၉ ဇန်နဝါရီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) စီမံကိန်းထောက်ပံ့ငွေဖြင့် ထီးဖိုးကိန်ကျေးရွာအုပ်စု ကျုံမဒီကျေးရွာ ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းကို စတင်အကောင်ထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်တံတားကို လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေကျပ် ၂၇၀၀၀,၀၀၀ ဖြင့် Stone Pitching Slab Culvert (အလျား ၂၃ ပေ x အနံ ၁၈ ပေ x အမြင့် ၇ ပေ ၆ လက်မ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူများက ကြီးကြပ်ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ လမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကျုံမဒီကျေးရွာရှိ အိမ်ထောင်စု ၉၈ စုမှ လူဦးရေ ၅၂၅ ဦးတို့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ လွယ်ကူအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


