လှိုင်းဘွဲ၊   ၁၉  ဇန်နဝါရီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) စီမံကိန်းထောက်ပံ့ငွေဖြင့် ထီးဖိုးကိန်ကျေးရွာအုပ်စု ​​ကျုံမဒီကျေးရွာ ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းကို  စတင်အကောင်ထည်ဖော် ဆောင်ရွက်နေပြီဖြစ်​ကြောင်း သိရသည်။

အဆိုပါကွန်ကရစ်တံတားကို လူထုဗဟိုပြုစီမံကိန်း​ ထောက်ပံ့​ငွေကျပ် ၂၇၀၀၀,၀၀၀ ဖြင့် Stone Pitching Slab Culvert (အလျား ၂၃ ပေ x အနံ ၁၈ ပေ x အမြင့် ၇ ပေ ၆ လက်မ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူများက ကြီးကြပ်ပြီး မြို့နယ်​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံ​ပေးအဖွဲ့တို့၏ လမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူး​ပေါင်းပါဝင်မှုများဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကျုံမဒီကျေးရွာရှိ အိမ်​ထောင်စု ၉၈ စုမှ လူဦးရေ ၅၂၅ ဦးတို့ ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေးလုပ်ငန်းများ လွယ်ကူအဆင်​ပြေလာမည်ဖြစ်​ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)