လှိုင်းဘွဲ ၉ အောက်တိုဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ အလက(၂) ကျောင်းတွင် ဖွင့်လှစ်လျက်ရှိရာ အဆိုပါသင်တန်းသားများအား ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို Test kit ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ သင်တန်းသားများအား စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခင်မျိုး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်း (၅)ဦးတို့က အထူးရဲသင်တန်းသား (၅၂)ဦးနှင့် သင်တန်းနည်းပြ (၁၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို Standard Q Covid-19 Antigen (RTD) Test များဖြင့် စစ်ဆေးခဲ့ရာ အဆိုပါ သင်တန်းသားများတွင် ရောဂါပိုးမတွေ့ရှိ (Negative) ဖြစ်ကြောင်းနှင့် ကျန်ရှိနေသော သင်တန်းသားများအား ဆက်လက်စစ်ဆေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


