လှိုင်းဘွဲ ၂၀ သြဂုတ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ် စက်ဝန်း) တွင် ပိုင်ကျုံမြို့နယ်ခွဲ တာကရားကျေးရွာအုပ်စု ရွှေအိပ်(ထီးဝါးခို)ကျေးရွာ ကျေးရွာခန်းမဆောင် ရာနှုန်းပြည့် ပြီးစီပြီးဖြစ်ကြောင်း သိရှိရသည်။
လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေကျပ် ၁၆,၂၀၀,၀၀၀ ဖြင့် ကျေးရွာခန်းမဆောင်(၅၀ပေ x ၂၅ပေ x ၁၂ပေ)ကို ၂၀၂၀ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖာ် ဆောင်ရွက်ခဲ့ရာ ၂၀၂၀ခုနှစ် သြဂုတ် ၁၉ ရက်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာခန်းမဆောင်ကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး၊ လူထု စည်းရုံး ရေးမှူးတို့မှ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးစောအောင်မျိုးမြင့်၊ ပြည်နယ်အင်ဂျင်နီယာအကြံပေးနှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ခင်စန်းမြင့်(ပြန်/ဆက်)