လှိုင်းဘွဲ ၁၁ မေ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် သန့်ရှင်းသာယာလှပရေး၊ စွန့်ပစ်ပလပ်စတစ်နှင့် အမှိုက်များကင်းရှင်းရေးအတွက် စုပေါင်းသန့်ရှင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့ပေါ် (၄)ရပ်ကွက်နှင့် ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်(၇)နာရီခွဲအချိန်တွင် ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ဦးဆောင်၍ မြို့ပေါ်(၄)ရပ်ကွက်ရှိ ပြည်သူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း လမ်းဘေးဝဲယာတစ်ဝိုက်တွင် လည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံတစ်ဝိုက်တွင် လည်းကောင်း၊ ဌာနဆိုင်ရာရုံးများ၏ ရုံးတွင်းရုံးပြင်နေရာများတွင် ဌာနအလိုက်ဝန်ထမ်းများက လည်းကောင်း၊ ချုံနွယ်မြက်ပင်များ ရှင်းလင်းခြင်း၊ စွန့်ပစ်ပလပ်စတစ်များနှင့် အမှိုက်များကောက်ယူခြင်းဖြင့် ဒုတိယအပတ်မြောက် စုပေါင်းသန့်ရှင်းရေးကို တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြပြီး စနေနေ့ အပတ်တိုင်းတွင် ထို့နည်းတူ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN
