လှိုင်းဘွဲ   ၁၁   ဩဂုတ်

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ထီလုံကျေးရွာ၊ ရွှေဂွန်းကျေးရွာများ အတွက် အမှိုက်သိမ်းဆည်းယာဉ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်သည်။

 

ရှေးဦးစွာ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်နိုင်ဦးက အမှိုက်သိမ်းဆည်းယာဉ်များ ထောက်ပံ့ပေးအပ်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါ အမှိုက်သိမ်းဆည်းယာဉ်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အမှိုက်သိမ်းဆည်းယာဉ်(၁)စီး ကျပ်သန်း(၂၀)နှုန်းဖြင့် ထီလုံ၊ ရွှေဂွန်းကျေးရွာများအတွက် အမှိုက်သိမ်းဆည်းယာဉ်(၂)စီးအား ခွင့်ပြုငွေ ကျပ်သန်း(၄၀)ဖြင့် ဝယ်ယူပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)