လှိုင်းဘွဲ ၁၄ ဩဂုတ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာ၊ သမ္ဘာန်ကျေးရွာ၊ ဒိုင်းပြကျေးရွာရှိ မျိုးစေ့ထုတ် စိုက်ခင်းများအတွင်း ပိုးမွှားအန္တရာယ်ကျရောက်မှု မရှိစေရေးအတွက် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထီလုံကျေးရွာ တောင်သူဒေါ်အေးသန်း၊ သမ္ဘာန်ကျေးရွာ တောင်သူဦးကျောက်လုံး၊ သမ္ဘာန် နည်းပညာ ပြန့်ပွားရေးစခန်းနှင့် ဒိုင်းပြကျေးရွာ တောင်သူဦးပေါ်လင်းတို့၏ မျိုးစေ့ထုတ်စိုက်ခင်းများတွင် စိုက်ပျိုးထားရှိသော စပါးပင်များအတွင်း ပိုးမွှားအန္တရာယ်ကျရောက်မှု မရှိစေရေးအတွက် ပေါင်းမြက်များ ရှင်းလင်းရန် ယူရီးယားကျွေးခြင်းအား အလေအလွင့်မရှိစေရေးအတွက် နွားချေးရောစပ်ကာ တစ်ညသိပ်ပြီးမှ အစာကျွေးရန်၊ ပိုးမွှားကင်းထောက်ခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်းများကို တောင်သူများ အနေဖြင့် လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့သည်။
မျိူးစေ့ထုတ်စိုက်ခင်းများအတွင်း ပိုးမွှားကျရောက်မှုမရှိစေရေး ကွင်းဆင်းရာသို့ ခရိုင်သီနှံ ကာကွယ်ရေး တာဝန်ခံ ဦးရဲကိုကို၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ခင်သန်းအေ၊ ခရိုင်မြေအသုံးချရေး တာဝန်ခံ ဒေါ်ကြည်ကြည်ဝင်း၊ ခရိုင်ဒုဦးစီးမှူး ဦးစောမြင့်၊ မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မျိုးစေ့ထုတ်စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)