လှိုင်းဘွဲ   ၁၅     စက်တင်ဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက Covid-19 စီးပွားရေး ကုစားမှု အစီအစဉ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် မျိုးစေ့ထုတ် တောင်သူ လယ်သမားများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မျိုးစပါးမျိုးစေ့ထုတ်တောင်သူများအား တစ်ဧကလျှင် ငွေကျပ် ၆၅၀ဝ၀  နှုန်းဖြင့် ဆင်းသုခ စိုက်ပျိုးတောင်သူ(၁၉၂)ဦး၊ ပေါ်ဆန်းစိုက် တောင်သူ(၂၂)ဦးနှင့် မိုးစပါးစိုက်ဧက (၂၁၄)ဧက အတွက် မျိုးစေ့ထုတ်တောင်သူ (၈၅)ဦးတို့အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကြည်ဝင်း နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

လှိုင်းဘွဲမြို့နယ်တွင် မိုးစပါးစိုက်ဧက(၁၂၄၆၄၃)ဧကရှိပြီး မျိုးသန့်မျိုးစေ့စိုက်ပျိုးမည့် သမ္ဘာန်၊ ထီလုံ၊ ဒိုင်းပြ၊ သာယာကုန်း၊ ဉဒေါင်း၊ တဝန်ဖန်ရ၊ ကမော့ကချူး၊ဝင်းစိန်၊ နောင်သငဲ့ စသည့် ကျေးရွာ(၂၀)တွင် မျိုးကောင်းမျိုးသန့်(၂၁၄)ဧကကို စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)