လှိုင်းဘွဲ ၆ စက်တင်ဘာ
ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတတိုးပွားစေရေးနှင့် ငါးထုတ်လုပ်မှုပိုမိုတိုး တက်စေရေး ရည်ရွယ်၍ စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ ပြည်နယ်ပအို့ဝ် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ်/ ခရိုင်/မြို့နယ်မှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြပြီး စပါးစိုက်တောင်သူ (၂၀)ဦး၏ စပါးခင်း(၁၄၀)ဧက အတွင်းသို့ ငါးခုံးမကြီး သားပေါက်ကောင်ရေ (၇၀၀၀၀) မျိုးစိုက်ထည့်ပေးခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
MDN


