လှိုင်းဘွဲ ၁၈ ဩဂုတ်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာလမတိုင်မီနှင့် ကိုဗစ်-၁၉ ကာလအတွင်း စီးပွားဖြစ် မွေးမြူထားရှိသော မွေးမြူရေးခြံများသို့ ကွင်းဆင်း၍ စစ်တမ်းကောက်ယူခြင်းကို ယမန်နေ့က ကမော့ကချူးကျေးရွာ မွေးမြူရေးဇုန်၌ သွားရောက်၍ စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းကောက်ယူရာသို့ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ ခင်ငယ်အောင် ဦးဆောင်၍ လှိုင်းဘွဲမြို့နယ် ဦးစီးမှူး ဒေါက်တာစိုးအောင်နှင့် တာဝန်ကျ ဝန်ထမ်းများက ကမော့ကချူးကျေးရွာ မွေးမြူရေးဇုန်ရှိ အသားစားကြက်ခြံ၊ ဉစားကြက်ခြံ၊ အသားတိုး ဝက်ခြံ၊ မျိုးဝက်ခြံများကို ကိုဗစ်-၁၉ ကာလမတိုင်မီနှင့် ကိုဗစ်-၁၉ ကာလအတွင်း မွေးမြူသူများအား ကြုံတွေ့နေရသော အခက်အခဲများ၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သော အထောက်အပံ့များ စသည်တို့ကို ကျေးရွာအရောက် ကွင်းဆင်း၍ စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)