လှိုင်းဘွဲ ၈ စက်တင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်မှချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ကွီးလေးကျေးရွာနှင့် ထီးကနဲကျေးရွာ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ပြီးစီပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကွီးလေးကျေးရွာ လမ်းဘေးရေမြောင်းတူးခြင်း(၂×၂၅၀၀'×၂'×၂')၊ ကျောက်ရောမြေခင်းခြင်း (၂၅၀၀'×၁၂'×၉")၊ မဲလရောကျေးရွာအုပ်စု၊ ထီးကနဲကျေးရွာ စိမ့်စမ်းရေးသွယ်တန်းခြင်း (၅၇၀၀') လုပ်ငန်းပြီးစီးမှုများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


