လှိုင်းဘွဲ ၂ ဒီဇင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် ဆောင်းသီးနှံပဲပုတ် စိုက်ခင်းဧက (၇၅၀၀)ကျော်ခန့် စိုက်ပျိုးထားရှိကြောင်းကို စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရှိရသည်။
ထိုသို့စိုက်ပျိုးဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံတောင်သူများအနေဖြင့် သီးနှံများ စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထားခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ယူရီးယား လက်ချားမြေဩဇာ ဖျန်းပက်ခြင်းဖြင့် တစ်ဧက အထွက်နှုန်းတိုးတက်စေခြင်း၊ စိုက်ပျိုးနည်းစနစ်များ၊ ပိုးသတ်ဆေး စနစ်တကျ သုံးစွဲနည်းများကို နည်းပညာပေးဆောင်ရွက်လျက်ရှိသည်။
လှိုင်းဘွဲမြို့နယ်အတွင်း ဆောင်းပဲပုတ်သီးနှံများကို စိုက်ဧကပေါင်း (၇၅၀၀)ဧက လျာထားဆောင်ရွက်ခဲ့ရာ ယခုနှစ်ဆောင်းရာတွင် ပိုမိုစိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးကြည်ဝင်းထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


