လှိုင်းဘွဲ ၁၃ ဩဂုတ်

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန် ထားရှိမှုအပေါ် စနစ်တကျ ပြန်လည်စိစစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက  မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

လှိုင်းဘွဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဦးဇော်ညွှန့်နှင့် အတွင်းရေးမှူး ဒေါ်အိသဉ္ဇာအောင်တို့က ရပ်ကွက်/ကျေးရွာများရှိ မဲဆန္ဒရှင်စာရင်းများကို ပုံစံ(၃)၊ ပုံစံ(၄)ပုံစံ(၄-ဂ) တို့ဖြင့် ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်း အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ စနစ်တကျရှိစေရေး၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားရာတွင် မှားယွင်းမှု မရှိစေရေးအတွက် မြို့နယ်ကော်မရှင် အဖွဲ့ဝင်များအားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြီး အထွေထွေ ရွေးကောက်ပွဲအား စံ(၅)ချက်နှင့် အောင်မြင်စွာကျင်းပနိုင်ရန် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)