လွိုင်ကော် ၃  စက်တင်ဘာ 

 

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ အိမ်အပြင်ထွက်ခွာရာတွင် Mask တပ်ဆင်သည့် အလေ့အထရရှိစေရေးပြီး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင် ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ နောင်ယားဈေးနှင့် သီရိမင်္ဂလာဈေး(တောင်ဈေး) တို့တွင် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦး မှဦးဆောင်၍ ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မဖြစ်မနေ Mask တပ်ဆင်ရေးလှုပ်ရှားမှုအနေဖြင့် လွိုင်ကော်မြို့ နောင်ယားဈေးနှင့် သီရိမင်္ဂလာဈေး (တောင်ဈေး)တို့တွင် ဝင်/ထွက်သွားလာနေသော ပြည်သူများအား ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဈေးအတွင်း Mask တပ်ဆင်ခြင်းမရှိဘဲ ဈေးရောင်း/ဈေးဝယ်ပြုလုပ်နေသော ပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အိမ်အပြင်ထွက်ခွါပါက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ Mask တပ်ဆင်သွားလာကြရန် အသိပေးပြောကြားပြီး Mask နှစ်ခုကို ငွေကျပ် ၁၀၀ဝ ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်းသိရှိရသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)