လွိုင်ကော်  ၃  ဇွန်    

 

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား လူထုအားကစားပွဲများအား ဖော်ဆောင်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ် သည့် ကမ္ဘာ့စက်ဘီးစီးနေ့ World Bicycle Day အထိမ်းအမှတ်အဖြစ် လူထုစုပေါင်း စက်ဘီးစီးပွဲ အခမ်းအနားကို ဇွန် ၃ ရက် နံနက်(၇) နာရီက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ၊ မြို့လယ် နာရီစင်၌ စုရပ်ထားကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ လွိုင်ကော်မြို့နယ်မှ စက်ဘီးဝါသနာရှင် (၁၀ဝ) ဦးခန့်နှင့် ဒီးမော့ဆိုမြို့နယ်မှ စက်ဘီးဝါသနာရှင် (၃၀) ဦးခန့်တို့က ပါဝင်စီးနှင်းကြသည်။

 

7

 

အခမ်းအနားအား စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးက သေနတ်ပစ်ဖောက်၍ တာလွှတ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် စက်ဘီးစီး ဝါသနာရှင် (၁၃၀)ဦးခန့်က လွိုင်ကော်မြို့လယ်ရှိ နာရီစင် မှ ကန္တရဝတီ လမ်းမကြီးအတိုင်း ထိုမှ ကယားဒေးကွင်းနှင့် အားကာသိပ္ပံ၊ ပညာရေးကောလိပ်ရှေ့၊ နာနတ်တော လမ်းဆုံ၊ ကားကြီးကွင်းရှေ့ဖြတ်လျက် ကန္တရဝတီ လမ်းမကြီးအတိုင်း နာရီစင် စုရပ်ထား ရာနေရာသို့ ပြန်လည် ပန်းဝင်ခဲ့ကြသည်။

 

8

 

အဆိုပါ လူထုစုပေါင်းစက်ဘီးစီးပွဲ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီး၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန် ရှိသူ များ၊ စက်ဘီးစီးဝါသနာရှင်များ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

 

9

 

ကိုစိုင်း (လွိုင်ကော်)