လွိုင်လင် ၁၄ ဩဂုတ်
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွိုင်လင်ခရိုင်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်း လွှာများ စိစစ်ခြင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာ၌ (စတုတ္ထနေ့)အဖြစ် စိစစ်ခြင်း ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းလျှောက်လွှာများ စိစစ်ခြင်းကို လွိုင်လင်ခရိုင် အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးသန်းတင် ၊ အတွင်းရေးမှူး ဦးသိန်းနိုင်နှင့် အဖွဲ့ဝင်(၁၅)ဦးတို့က စိစစ်ဆောင်ရွက်လျက်ရှိသည်။ လွိုင်လင်ခရိုင်၊မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ် များအတွက် ပြည်သူ့လွှတ်တော် ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁ ၊ ၂ ) နေရာများအတွက် နိုင်ငံရေး ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလျှောက်ထားသူ (၃၁)ဦးကို ဆက်လက် စိစစ်လျက်ရှိကြောင်း ခရိုင်အထွေထွေရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ထံမှသိရသည်။
မိုးလွင်ဦး(လွိုင်လင်)