လွိုင်လင် ၃ ဇူလိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မြေယာလျော်ကြေး ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီဉက္ကဋ္ဌ ဦးသန်းလွင်တို့က မြေယာလျော်ကြေးငွေ ရရှိရေးကိစ္စများနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်တာဝန်ခံ ဦးနေလင်း က လွိုင်လင်မြို့ အမှတ်(၄)ရပ်ကွက် အတွင်းရှိ တောင်သူ ဦးကျော်နေမျိုး(ခ) ဦးမွှေးနီ(ကွယ်လွန်)၏ သိမ်းဆည်းခံလယ်မြေ (၀ ဒသမ ၄၉၁) ဧကအတွက် ပေးလျော်ရမည့် ငွေကျပ် ၇ ဒသမ ၃၆၅ သန်းအား ၎င်းဇနီးဖြစ်သူ ဒေါ်နန်းကြန်ထံသို့ ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမြထွေး၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီဉက္ကဋ္ဌ ဦးသန်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)


