လွိုင်လင် ဇွန် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ခေါင်းနွဲ့ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ ( ၇ ) ပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၀ ရက်က ကျင်းပသည်။
ဦးစွာ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်က အမှာစကားပြောကြားပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသက်ဇော်ဆန်းက ပုံစံ(၇) ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ခေါင်းနွဲ့ကျေးရွာအုပ်စု၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ လွိုင်လင်မြို့ ရပ်ကွက်(၄)တို့မှ ဦးပိုင်ပေါင်း ( ၁၀၁ ) ဦးပိုင်ကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)


