လိုင်လင်းပီ ၆ နိုဝင်ဘာ

 

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်မြေမီးသတ်စခန်း တာဝန်ခံ  ဦးလျန်တီလ် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးလုံခြုံမှုရှိ စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို  ယနေ့ နံနက် ၁၀ နာရီခွဲခန့်က  ဆောင်ရွက်ခဲ့ကြသည်။

 

ကွင်းဆင်းစစ်ဆေးရာ၌ မြို့မီးသတ်တပ်ဖွဲ့ဝင်များမှ မဲဆန္ဒရှင်ပြည်သူများ တည်ငြိမ်အေးချမ်းစွာ မဲပေးနိုင်ရန် အတွက်    ကြိုတင်စီစဉ်ဆောင်ရွက်ထားသော  မဲရုံများအား မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရန်နှင့် မတော်တဆဖြစ်ပွားမှုများရှိခဲ့ပါက  အလွယ်တကူ     မီးငြိမ်းသတ်နိုင်ရန်အတွက်        ကြိုတင်ပြင်ဆင်မှု  အခြေအနေများ၊ မီးသတ်ဆေးဘူး ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး ရွေးကောက်ပွဲနေတွင် မဲရုံ၌ တာဝန်ထမ်းဆောင်ကြမည့်  ဝန်ထမ်းများကို   မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်း သရုပ်ပြခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

 

နိုဝင်ဘာ  ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လိုင်လင်းပီမြို့ပေါ် ရပ်ကွက်နှစ်ခု၌ မဲရုံ(၂)ရုံ ထားရှိသွားကြမည်ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၁၆၆၁)ဦး ရှိကြောင်း သိရသည်။

 

ယာကမ်(ပြန်/ဆက်)