လိုင်လင်းပီ ၂၁ သြဂုတ်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (ဝက်သားသတ်လိုင်စင်) အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လိုင်လင်းပီမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအတွင် ရောင်းချခဲ့‌ကြောင်း သိရသည်။

 

အဆိုပါ အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင် (ဝက်သားသတ်လိုင်စင်) အား သတ်မှတ်ပြီး ကြမ်းခင်းစျေး ၁၂၀၀၀ဝိ/-(ကျပ်တစ်သိန်းနှစ်သောင်းတိတိ) ဖြင့် ရောင်းချရာ လျှောက်လွှာ တင်သွင်းသူဦးရေ (၂) ဦးရှိသည့်အနက် အမှတ်(၂) ရပ်ကွက်နေ ဦးကျယ်လှုပ်မှ ၃၀၂၀၀ဝိ/-(ကျပ်သုံး သိန်းနှစ်ထောင်တိတိ) ဖြင့် လေလံအောင်မြင်ပြီး တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် သားသတ်ရမည်ဖြစ်ပြီး အသားနှင့် ဝမ်းတွင်းသား တစ်ပိဿာ လျှင် ၁၀၀၀ဝိ/-(ကျပ်တစ်သောင်း) စီဖြင့်ရောင်းချရမည် ဖြစ်ကြောင်းနှင့် အဆိုပါလိုင်စင်မှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ အကြုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

         

ယင်းသားသတ်လိုင်စင်တွင် ဘာသာရေးပွဲတော်များနှင့် သာရေး၊ နာရေး ကိစ္စရပ်များသည် အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး အခြားပြင်ပကိစ္စရပ်များဖြင့် သားသတ်မည်ဆိုပါက သက်ဆိုင်ရာ လေလံအောင်မြင်သည့် ပုဂ္ဂိုလ်ထံ အကြောင်းကြားကာ ဝက်တစ်ကောင်လျှင် အခွန် ၂၀၀၀ဝိ/-(ကျပ်နှစ်သောင်းတိတိ) ဖြင့် အခွန်ဆောင်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက စည်ပင်သာယာရေးဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း လေလံရောင်းချရေးဥက္ကဋ္ဌ ဦးကျော်သန်း၏ ပြောကြားချက်အရ သိရသည်။

         

၎င်းအရပ်ရပ်အခွင့်အရေးလိုင်စင် (ဝက်သားသတ်လိုင်စင်) နှင့် ပက်သက်သည့် ကြော်ငြာစာများကို မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းဆုံနေရာများ စသည့် အများပြည်သူ အလွယ်တကူမြင်နိုင်သော နေရာများတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ ဩဂုတ် ၁၀ ရက်မှစ၍ ကပ်ထားကြော်ငြာထားပြီးဖြစ်ကြောင်း သိရသည်။

ဆလိုင်းနိုင်းခွီရှိန်း (ပြန်/ဆက်)