လှိုင်သာယာ(အနောက်ပိုင်း) ၂၈ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ် (၁၇) ရပ်ကွက်၊ အ.ထ.က (၃) ကျောင်းတွင် ထပ်မံဖွင့်လှစ်မည့် Quarantine Centre အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်လျှက်ရှိသည်။
အဆိုပါ ကျောင်းတွင် Quarantine Centre ထားရှိချိန်၌ လိုအပ်မည့် သောက်ရေ၊ သုံးရေများအတွက် ကြိုတင် ပြင်ဆင်ခြင်း၊ မီးကြိုးများ သွယ်တန်းတတ်ဆင်ခြင်း၊လုံလောက်သည့် အလင်းရောင်ရရှိပြီး လေဝင်လေထွက် ကောင်းမွန်သော စာသင်ခန်းများအား စိစစ် ရွေးချယ်ခြင်းနှင့် နေရာထိုင်ခင်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမူများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးဗိုလ်၊ တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စားလှယ်ဦးမြတ်မင်းသူ၊ စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်(၂) ဦးဇော်အောင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာ အုပ်စုများ အတွင်း Quarantine Centre ပေါင်း(၁၄) နေရာ ထားရှိပြီးဖြစ်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာအသီးသီးရှိ သံသယလူနာများအား အဆိုပါ Quarantine Centre များတွင် သီးသန့်ထားရှိလျှက်ရှိကြောင်း သိရသည်။
မေရီစိုး(ပြန်/ဆက်)


