၂၇ မေ
လှိုင်သာယာမြို့နယ် စက်မှုဇုန်(၄) ဘုရားလမ်းအနီးရှိ အထည်ချုပ်စက်ရုံတွင် ယနေ့ည ၉ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ အမြန်ဆုံး မီးငြှိမ်းနိုင်ရေးအတွက် Level 1 အဆင့်ရှိ မီးသတ်ယာဉ်အုပ်စုများ ထွက်ခွာလျက် မီးငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။ ဆက်လက်ပြီး ည ၉ နာရီ ၂၀ မိနစ်အချိန်တွင် Level 2 အဆင့်ရှိ မီးသတ်ယာဉ်အုပ်စုများနှင့် ဌာနချုပ်ရှိ မီးသတ်ယာဉ်အုပ်စုများ ရောက်ရှိလာခဲ့ပြီး မီးလောင်မှုအား ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကို ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် လုံးဝငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိကြောင်း ကနဦးသတင်းများအရ သိရသည်။
MDN