ရန်ကုန် ဇွန် ၆

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် အဝင်လမ်း ကွန်ကရစ်လမ်းသား တိုးချဲ့ခင်းကျင်းနေမှု၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် အမှတ်(၇) ရပ်ကွက် ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်း လမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံတိုးချဲ့ တည်ဆောက်ရေး လုပ်ငန်းများနှင့် ရန်ကုန်မြို့တော် ရေပေးဝေရေး ဇုန်(၉) ရေစုကန်နှင့် ရေတွန်းစက်ရုံ တည်ဆောက်နေမှု၊ လှိုင်သာယာ (အရှေ့ ပိုင်း)မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်တံတားအောက် ပန်းခြံတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးသဉ် မြို့တော်ဝန်က စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးစီးရေး၊ လမ်းညွှန်းအမှတ်အသားများ  စနစ်တကျ ရေးဆွဲရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ စနစ်တကျ ရေစီးဆင်းမှုရှိစေရန် ရေမြောင်းများဖောက်လုပ်ရေး ကိစ္စရပ်များကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်