လှိုင်သာယာ(အနောက်ပိုင်း) ၁၆ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ ကိုဗစ်−၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်သည့် အဝတ်ဖြင့်ချုပ်လုပ်ထားသော မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ လှူဒါန်းထားသည့် လူကြီးနှာခေါင်းစည်း Mask နှင့် ကလေးနှာခေါင်းစည်း Mask များကို လှိုင်သာယာ(အရှေ့ပိုင်း)နှင့် (အနောက်ပိုင်း)မြို့နယ်အတွင်းရှိ စည်ပင်သန့်ရှင်းရေးဌာနမှ ဝန်ထမ်းမိသားစုများ၊ ပန်းဥယျာဉ်ဌာနမှ ဝန်ထမ်းမိသားစုများ၊ ထိန်ပင်သုဿန်နှင့် အမှိုက်ပုံဌာနမှ ဝန်ထမ်း မိသားစုများ၊ လှိုင်သာယာမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်မိသားစုများအားယမန်နေ့ ညနေ ၅နာရီခန့်က ပေးအပ်လှူဒါန်းသည်။
ထိုသို့လှူဒါန်းရာတွင် လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်၊ စည်ပင်သာယာရေးကောမတီ အဖွဲ့ဝင်(၂)ဦးဇော်အောင်တို့က လှိုင်းသာယာ(အရှေ့ပိုင်း)နှင့် (အနောက်ပိုင်း)မြို့နယ်များရှိ စည်ပင်သန့်ရှင်းရေးဌာနမှ ဝန်ထမ်းမိသားစုများအတွက် လူကြီးဝတ် နှာခေါင်းစည်း Mask (၁၂၀)၊ ထိန်ပင်သုဿန်နှင့် အမှိုက်ပုံ ဝန်ထမ်းမိသားစုများအတွက် လူကြီးဝတ် နှာခေါင်းစည်း Mask (၈၇၀)၊ ကလေးဝတ်နှာခေါင်းစည်း Mask (၂၂၀)၊ စည်ပင် ပန်းဥယျာဉ်ဌာနမှ ဝန်ထမ်းမိသားစုများ အတွက် လူကြီးဝတ် နှာခေါင်းစည်း Mask (၁၅၂၀)၊ ကလေးဝတ်နှာခေါင်းစည်း Mask (၂၀၀)၊ လှိုင်သာယာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်မိသားစုများအတွက် လူကြီးဝတ် နှာခေါင်းစည်း Mask (၂၉၀)၊ စုစုပေါင်း(၃၂၂၀)တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)


