မြင်းမူ  ၂၅  ဇူလိုင်


ဧရာဝတီမြစ် ရေဝင်ရောက်ခဲ့သော ကျေးရွာတွင် သောက်သုံးရေ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် သောက်ရေသန့်များ လှူဒါန်းခြင်းကို ဇူလိုင် ၂၄ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် လက္ကပင်ကျေးရွာတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။


မြင်းမူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေများ ဇူလိုင် ၁၇ ရက်မှ စတင်ဝင်ရောက်ခဲ့ရာ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိခဲ့ပြီး ဇူလိုင် ၂၂ ရက်မှစတင်ကာ မြစ်ရေများ ကျဆင်းသွားပြီ ဖြစ်သော်လည်း မြစ်ကမ်းအနီးရှိ ကျေးရွာများအတွင်း ရေများကျန်ရှိနေဆဲဖြစ်ရာ သောက်ရေရရှိမှု အခက်တွေ့နေခြင်း ဖြစ်သည်။ 


သောက်ရေသန့်ဘူးများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လှူဒါန်းခြင်းဖြစ်ပြီး သောက်ရေ အခက်အခဲရှိသော ကျေးရွာများကို ဆက်လက်လှူဒါန်းရန် စီစဉ်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


အောင်စိုးဖေ(မြင်းမူ)