လက်ပံတန်း ၂၁  မေ 
   
  
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ပံတန်းမြို့နယ်အတွင်း မေလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် လေပြင်းတိုက်ခတ်ခံခဲ့ရသော ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
    
 
အခမ်းအနားတွင် တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက အမှာစကား ပြောကြားသည်။ ထို့နောက် လက်ပံတန်း မြို့နယ် ကျေးရွာအုပ်စု ခြောက်အုပ်စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်ဘုန်းကြီးကျောင်း နှစ်ကျောင်း၊ နေအိမ် ၁၀၅ လုံးနှင့် ဘုန်းကြီးကျောင်း နတ်လမ်းပြိုလဲ တစ်ဆောင်၊ ပြိုလဲနေအိမ် အလုံး ၃၀ အတွက် ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ်  ၁၂၂၆၂၅၀ဝ နှင့် ပြိုလဲနေအိမ် အလုံး ၃၀ မှ လူဦးရေ ၁၂၀ အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ကျပ် ၂၅၂၀ဝ၀ စုစုပေါင်းငွေကျပ် ၁၂၅၁၄၅၀ဝ ကို တိုင်းဒေသကြီး  ဝန်ကြီးနှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှုးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဝင့်နန္ဒာဌေး

 

1