လက်ပံတန်း ၂၆ မေ 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် မေ ၂၅ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ် ၁၂ လုံး၊ အမိုးလန်နေအိမ် ၆၇ လုံးနှင့် စာသင်ကျောင်း တစ်ကျောင်း အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

669

 

လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့ရသည့် ပြည်သူများအား နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင် ယာယီပြောင်းရွှေ့ နေထိုင်နိုင်ရန် စီစဉ်ပေးထားကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ သိရသည်။

ဝင့်နန္ဒာဌေး