လက်ပံတန်း ၁၆ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၀ ပြည့်နှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ဧက ၅၇၀၀ အတွက် ချေးငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ တောင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ယနေ့တွင်အုတ်တွင်းကျေးရွာမှ တောင်သူ(၉၆)ဦး၏ ဆောင်းသီးနှံ စိုက်ပျိုး ဧက (၆၉၁)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ကျပ်သိန်း(၆၉၁) ကိုစတင်ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာ(၅၃)အုပ်စုမှ တောင်သူ (၈၂၀၀)ဦး၏ စိုက်ဧက(၅၇၀၀) အတွက် ချေးငွေကျပ်သိန်း (၅၇၀၀၀)ကိုနိုဝင်ဘာလမှ ၂၀၂၁ ဇန်နဝါရီလအထိ ထုတ်ချေးပေးသွားရန် လျာထားဆောင်ရွက်ထားကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးတင်မောင်ဌေး ထံမှသိရသည်။
ဝင့်နန္ဒာဌေး


