ဒီးမော့ဆို ၇ ဇွန်        

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကယားပြည်နယ် စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူလက်ဝယ်တွင်ရှိသော လက်တွန်းထွန်စက်နှင့် တွဲဖက်အသုံးပြုနိုင်ရန် နှစ်တန်းသွား ပြောင်းမျိုးစေ့ချကိရိယာဖြင့် စမ်းသပ်သုတေသနပြု စိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ဒီးမော့ဆိုမြို့နယ် အမှတ် (၈၆) စက်မှုလယ်ယာစခန်းခွဲအတွင်းရှိ မြေနေရာ၌ ကျင်းပသည်။

 

11

 

ရှေးဦးစွာ စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမြင့်က နှစ်တန်းသွား ပြောင်းမျိုးစေ့ချ ကိရိယာ စမ်းသပ်ခြင်းနှင့် ပြည်နယ်အစိုးရမှ ကူညီထောက်ပံ့ပေးအပ်သော လေးတန်းသွား ပြောင်းမျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးရာတွင် အားသာချက်များကို ရှင်းလင်းပြောကြားပြီး တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြသည်။

 

123

 

ထို့နောက် ပြောင်းမျိုးစေ့ဖြင့် ပင်ကြား ၁၀ လက်မ၊ တန်းကြား ၃၀ လက်မနှင့် ပင်ကြား ၁၂ လက်မ၊ တန်းကြား ၂၈ လက်မထားရှိမှုကို လက်တွေ့စိုက်ပျိုးပြသပြီး စက်ကိရိယာများ သုံးစွဲတတ်စေရန် တောင်သူများအား ကိုယ်တိုင် မောင်းနှင်စေခဲ့ကြောင်း သိရသည်။

 

458

 

တောင်သူလက်ထဲမှာ လက်တွန်းထွန်စက်တွင် ရှိသည့်အတွက် တွဲဖက်အသုံးပြုနိုင်အောင် နှစ်တန်းသွား မျိုးစေ့ချ ကိရိယာကို စမ်းသပ်သုတေသနပြု စိုက်ပျိုးပြသတာဖြစ်ပြီး ပစ္စည်း၏ အားသာချက်၊ အားနည်းချက်များကို ကြည့်ကာ ပြန်လည်ပြင်ဆင် ဆောင်ရွက်ရမည့်နေရာများရှိပါက ပြင်ဆင်သွားမည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမြင့်ထံမှ သိရသည်။


     
ရီရယ်(ဒီးမော့ဆို)