လမိုင်း   ဇန်နဝါရီ   ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ရှိ ကျိုက်ကေလာသ တန်ခိုးကြီးဘုရားနှင့် ကျာ်ဓာတ်ဇူဘုရား တို့တွင် ပြာသိုလပြည့်နေ့၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

လမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ သိသာစွာ လျော့နည်းကျဆင်းမှုရှိသော်လည်း ကူးစက်မှုနှုန်း ဟန့်တား ထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉ကာလ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူနိုင်ကြစေရန် ကျိုက်ကေလာသ တန်ခိုးကြီးဘုရားတွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရဟန်းရှင် လူပြည်သူများက စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာကုသိုလ်ကောင်းမှု ပြုကြသကဲ့သို့ မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် အခါကြီး ရက်ကြီး၊ နေ့ထူးနေ့မြတ်များတွင်လည်း ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများအား အာဟာရဒါန စတုဒိသာများဖြင့် ကျာ်ဓာတ်ဇူဘုရားရင်ပြင်၌ ကုသိုလ်ယူကာ ဧည့်ခံကျွေးမွေးလျက် ရှိကြောင်း သိရသည်။

ဖြူဖြူအေး(ပြန်/ဆက်)