လမ်းမတော် ၇ ဇူလိုင်
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး အတွက်အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကြိုတင်ကာကွယ်သည့်အနေဖြင့် ခြင်နှင့်ပိုးလောက်လမ်းများ ပေါက်ပွားမှုမရှိ စေရေး အတွက် Abate ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက လမ်းမတော်မြို့နယ် အမှတ်(၁)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ Abate ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမာ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ရပ်ကွက်အတွင်းသို့ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဖြစ်သည့် ပိုးလောက်လမ်းရှာဖွေခြင်း၊ ရေကန်များအဘိတ် ဆေးခတ်ခြင်း၊ အိုးခွက်၊ တာယာဘီးခွန်များရှိ ရေများ သွန် ပစ်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်စသည့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ဆန်းမြင့်


