ကံမ ၉  ဇူလိုင် 


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ စုပေါင်း၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ချို့တဲ့သည့်ကျေးရွာများရှိ ကျောင်းများမှ ကျောင်းသား/သူများအား လစဉ် စာရေးကိရိယာနှင့် မုန့်/အချိုရည် စားသောက်ဖွယ်ရာများကို လစဉ်လှူဒါန်းခဲ့သည်။ 


ထိုသို့လှူဒါန်းရာတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကံမမြို့နယ် မုန်းဒါးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူ(၇၈)ဦးအား စာရေးကိရိယာ၊ မုန့်နှင့်အချိုရည်များ လှူဒါန်းပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လ/ထဆရာဝန်(၂)ဦးနှင့် ပြင်ပဆရာဝန်(၁)ဦးမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ် (ပြန်/ဆက်)သတင်းရရှိသည်။                            


MDN