၆ ဖေဖော်ဝါရီ
လန်ဒန်မြောက်ပိုင်း ဟိုက်ဂိတ်အရပ်ရှိ ဟိုက်ဂိတ်သချိုင်း မှာတည်ရှိတဲ့ ကားမတ် အုတ်ဂူကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံခဲ့ရကြောင်း တနင်္လာနေ့က တွေ့ရှိရပါတယ်။

အုတ်ဂူရှိ စကျင်ကျောက်ပြားမှာ ထွင်းထားတဲ့ ကားမတ်ရဲ့ မိသားစုဝင်တွေ အမည်နာမတွေကို သတ္တုတစ်မျိုးမျိုးနဲ့ ရိုက်နှက်ဖျက်ဆီးထားခြင်းဖြစ်ပါတယ်။

ဂျာမန်လူမျိုး တော်လှန်ရေးအတွေးခေါ်ရှင် ကားမတ် က လန်ဒန်ကို ၁၈၄၉ နှစ်မှာ ရွှေ့ပြောင်းအခြေချနေထိုင်ပြီး ၁၈၈၃ မတ်လ ၁၄ နေ့ အသက် ၆၄ နှစ်မှာ သေဆုံးခဲ့ပါတယ်။

အုတ်ဂူဟာ ၁၂ ပေမြင့်ပြီး ကားမတ်ရုပ်ပုံကို ကြေးသွန်းထုကာ ဂူအပေါ်မှာ တင်ထားတာကို တွေ့ရပါတယ်။ အဲဒီအုတ်ဂူကို ဗြိတိန်ရဲ့ ကွန်မြူနစ်ပါတီက ၁၉၅၆ ခုနစ်က ငွေကြေးစိုက်ထုတ်ပြီး လုပ်ဆောင်ထား ခြင်းဖြစ်ပါတယ်။

၁၉၇၀ နှစ်များကလည်း ကားမတ်အုတ်ဂူဟာ တိုက်ခိုက်ခံခဲ့ရဖူးကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP

