၆ ဖေဖော်ဝါရီ

 

လန်ဒန်မြောက်ပိုင်း ဟိုက်ဂိတ်အရပ်ရှိ ဟိုက်ဂိတ်သချိုင်း မှာတည်ရှိတဲ့  ကားမတ် အုတ်ဂူကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံခဲ့ရကြောင်း တနင်္လာနေ့က တွေ့ရှိရပါတယ်။ 

 

1

 

အုတ်ဂူရှိ စကျင်ကျောက်ပြားမှာ ထွင်းထားတဲ့ ကားမတ်ရဲ့ မိသားစုဝင်တွေ အမည်နာမတွေကို သတ္တုတစ်မျိုးမျိုးနဲ့ ရိုက်နှက်ဖျက်ဆီးထားခြင်းဖြစ်ပါတယ်။ 

 

2

 

ဂျာမန်လူမျိုး တော်လှန်ရေးအတွေးခေါ်ရှင် ကားမတ် က လန်ဒန်ကို ၁၈၄၉ နှစ်မှာ ရွှေ့ပြောင်းအခြေချနေထိုင်ပြီး ၁၈၈၃ မတ်လ ၁၄ နေ့ အသက် ၆၄ နှစ်မှာ သေဆုံးခဲ့ပါတယ်။ 

 

3

 

အုတ်ဂူဟာ ၁၂ ပေမြင့်ပြီး ကားမတ်ရုပ်ပုံကို ကြေးသွန်းထုကာ ဂူအပေါ်မှာ တင်ထားတာကို တွေ့ရပါတယ်။ အဲဒီအုတ်ဂူကို ဗြိတိန်ရဲ့ ကွန်မြူနစ်ပါတီက ၁၉၅၆ ခုနစ်က ငွေကြေးစိုက်ထုတ်ပြီး လုပ်ဆောင်ထား ခြင်းဖြစ်ပါတယ်။ 

 

4


၁၉၇၀ နှစ်များကလည်း ကားမတ်အုတ်ဂူဟာ တိုက်ခိုက်ခံခဲ့ရဖူးကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား - AFP

 

6

 

6