လင်းခေး ၃ စက်တင်ဘာ
ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်ငါး လုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ် တစ်ခုဖြစ်သော ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည် ဦးမော့လာစေရေးအတွက် မိုးနဲမြို့အတွင်းရှိ ငါးမွေးတောင်သူများအား နိုင်ငံတော်မှ ငါးသားပေါက်များ ထောက်ပံ့ခြင်းအခမ်းအနားကို မိုးနဲမြို့ အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ကမ္ဘောဇခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် လင်းခေးခရိုင် အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် ရှမ်းပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ခေတ္တပြည်နယ်ဦးစီးမှူး ဦးကျော်သီဟထွေးမှ ငါးသားပေါက်များ ထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနခေတ္တပြည်နယ် ဦးစီးဌာနမှူး ဦးကျော်သီဟထွေး၊ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်၊ လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သက်ဆုရည်ဝင်းနှင့် တာဝန်ရှိသူများက ငါးမွေးတောင်သူ ၂၁ ဦး၏ (၄၀.၉၅၈) ဧကအတွက် ညောင်ရွှေငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်းနှင့် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၈၁၉၁၆)အား အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
MDN


