လင်းခေး စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီက လင်းခေးမြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ လင်းခေးမြို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးသန့်ထင်စိုး၊ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းနှင့် လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး နေမိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မိုင်းပန်မြို့နယ်၊ လင်းခေးမြို့နယ်နှင့် မောက်မယ်မြို့နယ် ကိုယ်စားပြု ဝါသနာရှင်များက အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆို၊ အက ဘာသာရပ်များ၌ အဆင့်အလိုက် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးသန့်ထင်စိုးတို့က ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
လင်းခေးခရိုင်(ပြန်/ဆက်)