လှည်းကူး၊ ၂ ဒီဇင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းမှ လက်သန့်ဆေးရည်ဘူးများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြို့တွင်းမြို့ပြင် သန့်ရှင်း သာယာလှပရေးကို တာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်ချက်၍ လက်သန့်ဆေးရည် (၃၆)ဘူးနှင့် Spray (၆)ဘူးတို့ကို မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးမှ အမှုဆောင်အရာရှိ ဦးခင်ဦးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


