နေပြည်တော် အောက်တိုဘာ ၁၀

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် ကျောက်ကုတင်ကျေးရွာအုပ်စု ကဒစ်ကျေးရွာ၊ မှော်ဘီ မြို့နယ် မြောင်းတကာကျေးရွာနှင့် တိုက်ကြီးမြို့နယ်  ဖလုံကျေးရွာအုပ်စု စပါးကိုင်းကျေးရွာတို့၌  အောက်တိုဘာ  ၉  ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်       နယ်မြေခံတပ်မတော်သားများက ရေဘေးသင့်ပြည်သူများအား   ရေဘေးကင်းလွတ်သည့်    နေရာများနှင့် ယာယီ ကယ်ဆယ်ရေးစခန်းများသို့    ကူညီကယ်ဆယ်ရွှေ့ပြောင်းခြင်း၊ မော်တော်ယာဉ်များသွားလာနိုင်ရေး ကူညီ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက် ခြင်းလုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့      ဆောင်ရွက်နေမှုများကို ယနေ့တွင်   တိုင်းမှူး     ဗိုလ်ချုပ်ဇော်ဟိန်းနှင့်   တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ   လိုအပ်သည်များ ညှိနှိုင် ဆောင်ရွက်ပေးသည်။

 

အလားတူ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၌ အောက်တိုဘာ ၇ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်    နေရာများသို့ ယနေ့တွင်  တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများက ကွပ်ကဲမှုအောက်ရှိ    နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊  လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်း များသို့ ရွှေ့ပြောင်းကူညီပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ် ကာ   လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

အဆိုပါ   ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်အထက် ၁၁၉   စင်တီမီတာ    ကျော်လွန် ရောက်ရှိနေပြီဖြစ်ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်