လှည်းကူး ၂၆ မေ
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် "နိုင်"မိသားစုအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီ လီမီတက်မှ ဆောက်လုပ်လှူဒါန်းသော ပြည်သူ့ဆေးရုံကြီး နှစ်ထပ်လူနာဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ မိနစ် ၅၀ အချိန်က အဆိုပါဆေးရုံရှေ့၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ "နိုင်" မိသားစုအိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီမှ ဦးညီညီက ပြည်သူ့ဆေးရုံကြီး နှစ်ထပ် လူနာဆောင်သစ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုမှတ်တမ်းတင်စကား ပြောကြားခဲ့ပြီး နှစ်ထပ်လူနာဆောင်သစ်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနောက် အလှူရှင်များဖြစ်သော သုဓမ္မမဏိဇောတဓရ ဦးထွန်းဖေနှင့် ဇနီး သီဟသုဓမ္မသိင်္ဂီဒေါ်ညွှန့်ညွှန့်တို့မှ နှစ်ထပ်လူနာဆောင်သစ်စာရွက်စာတမ်းများအား ပေးအပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီးဒေါက်တာမြလေးစိန်မှ လက်ခံရယူကာ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ကိုယ်စား ဒုတိယကျန်းမာရေးဦးစီးမှူ းဒေါက်တာဌေးလွင်က ကျေးဇူး တင်စကားပြောကြားခဲ့ပြီး သုဓမ္မမဏိဇောတဓရ ဦးထွန်းဖေနှင့်ဇနီး သီဟသုဓမ္မသိင်္ဂီဒေါ်ညွှန့်ညွှန့်တို့က အမှတ်တရလက်ဆောင်ပစ္စည်းများအား ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါက်တာမြလေးစိန်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစိုးဦး၊ ဒုတိယကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်၊ မြို့နယ်အသင်းဥက္ကဋ္ဌ ဦးမောင်မောင်တို့အားပေးအပ်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့ပြည်သူ့ဆေးရုံ နှစ်ထပ်လူနာဆောင်သစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ သုဓမ္မ မဏိဇောတဓရ ဦးထွန်းဖေနှင့်ဇနီး သီဟသုဓမ္မသိင်္ဂီ ဒေါ်ညွှန့်ညွှန့်တို့မှ စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ဒုတိယပြည်ထောင်စုဝန်ကြီးဒေါက်တာမြလေးစိန်၊ တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် အလှူရှင်မိသားစုများက နှစ်ထပ်လူနာဆောင် သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူး၍ ကဗ္ဗည်းမှတ်တမ်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခြင်းနှင့်အဆောင်များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နှစ်ထပ်လူနာဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါက်တာမြလေး စိန်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာဋ္ဌေးလွင်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးသိန်းတန်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းဝင်းနှင့်ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၅၀ဝ)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နှစ်ထပ်လူနာဆောင်သစ်အား ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်း၊ အမှတ်(၂၉၃/c)နှင့် အမှတ်(၁၀)၊ပါရမီလမ်း၊ ငွေကြာရံရိပ်သာနေ သုဓမ္မမဏိဇောတဓရဦးထွန်းဖေနှင့်ဇနီး သီဟသုဓမ္မသိင်္ဂီ ဒေါ်ညွှန့်ညွှန့် (နိုင် မိသားစုအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီလီမီတက်)နှင့် သား/သမီးများမှစုပေါင်း ၍ ကျပ်သိန်းပေါင်း(၆၀ဝ၀)ကျော် အကုန်အကျခံကာ(၂၃-၅-၂၀၁၇)ရက်နေ့မှ စတင်၍ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး အလျား(၁၂၆)ပေ၊ အနံ(၆၆)ပေရှိ ကုတင်(၄၀)ဆံ့နှစ်ထပ်ဆောင်ဖြစ်ကာ အကြီးစားခွဲစိတ်ခန်း(၂)ခန်း၊ အသေးစားခွဲစိတ်ခန်း(၁)ခန်း၊ ဓာတ်မှန်ခန်း(၁)ခန်း၊ ဓာတ်ခွဲခန်း(၁)ခန်း၊ အထူးကြပ်မတ်ခန်း(၁)ခန်း၊ အရေး ပေါ်ကုသခန်း(၂)ခန်းပါဝင် ဆောက်လုပ်လှူ ဒါန်းထားကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)