လှည်းကူး ဇန်နဝါရီ ၄

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပါဝင်ဆန္ဒမဲပေးနိုင်ရေး “ဒို့အတူတူ မဲပေးကြမယ် ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေးလက်ကမ်းစာစောင်များကို လှည်းကူးမြို့နယ်အတွင်းရှိ‌ ကျေးရွာများတွင် ယ‌နေ့နံနက် ၈ နာရီက ဖြန့်ဝေပေးလျက်ရှိသည်။

 

အဆိုပါလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် လှည်းကူးမြို့နယ် ဆားတလင်းလမ်းဆုံနှင့် ဈေး၊‌ အင်းတိုင်ဈေး၊ ဇရပ်ကွင်းဈေး စသည့် နေရာများတွင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းနှင့် တာဝန်ရှိသူများက ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)