ရန်ကုန် ၇ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ကာလ စီးပွားရေး ပြန်လည်ကုစားမှု အစီအစဉ်အရ နိုင်ငံတော်အစိုးရမှ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရန် ရည်ရွယ်၍ လှည်းကူးမြို့နယ်၌ COVID-19 Economic Relief Plan ၏ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်ကောင်ရေ (၁၁၂၂၀၂၀) ထောက်ပံ့ပေးအပ်ပွဲကို စက်တင်ဘာ ၆ ရက်နေ့ နံနက် ၉ နာရီက လှည်းကူးမြို့နယ်၊ ကြာအင်းကျေးရွာတွင် ကျင်းပခဲ့သည်။
လှည်းကူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်နှင့် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်းတို့က အမှာစကား အသီးသီးပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးနိုင်က COVID-19 Economic Relief Plan ၏ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ယင်းနောက် ငါးမွေးတောင်သူ (၁၀) ဦး၏ ငါးကန် (၅၆၁ ဒသမ ၀၁) ဧကအတွက် ငါးသားပေါက်ကောင်ရေ (၁၁၂၂၀၂၀) အား တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ ငါးမွေးတောင်သူ တစ်ဦးဖြစ်သော ဦးလင်းယုက ကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ လှည်းကူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးနိုင်၊ ငါးလုပ်ငန်းဦးစီးဌာန၊ အင်းစိန်မြို့နယ်၊ ဦးစီးမှူး ဦးဇော်နိုင်လင်းနှင့် ဝန်ထမ်းများ၊ လှည်းကူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


