သီတင်းကျွတ်တော့မည် မီးပုံးပျံလွှတ်ရအောင်
သီတင်းကျွတ်တော့မည်။ အရာအားလုံးသည် သစ်လွင်ခြင်းတစ်ခုဆီသို့ တိုးဝင်ရန် အရှိန်ယူနေကြသည့် အရိပ်အယောင်တို့ကို နေရာတိုင်း အရာတိုင်းလိုလိုတွင်မြင်တွေ့နေရသည်။ မိုးသားတို့သည် နောက်ဆုတ်ပြေးထွက်၍ မြောက်အရပ်ဆီမှ လေအေးတို့သည် သစ်လွင်စွာဝင်ရောက်လာပေတော့မည်။ သစ်ပင်တို့သည် ပုရစ်ဖူးတို့ ဝေစည်ရန် ဟန်ပြင်နေကြသည်။