နေပြည်တော် ၅  ဇူလိုင် 

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နေပြည်တော် ပင်မဓာတ်အားခွဲရုံအမှတ်(၂)၌ ကျင်းပသည်။

 

ရှေးဦးစွာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာနအကြီးအကဲ များက ကံ့ကော်ပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြသည်။

 

ထို့နောက် အရာထမ်း၊ အမှုထမ်းများက စိန်တလုံးသရက်ပျိုးပင်များအား စုပေါင်းစိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများက လှည့်လည် ကြည့်ရှုအားပေးကြသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ စိန်တလုံးသရက်၊ စိန်ပန်းပြာ၊ တမာ၊ ပိတောက်၊ ပန်းမယ်ဇလီ၊ မယ်ဇယ်၊ ကုက္ကို၊ မန်ကျည်း၊ ဇီး၊ ပိန္နဲစသည့်ပျိုးပင်ပေါင်း ၁၇၀ဝ၀ ပင်တို့အား နေပြည်တော် ပင်မဓာတ်အားခွဲရုံအမှတ်(၂) ၊ ရုံးအမှတ် (၆)၊ရုံးအမှတ် (၄၄)တို့နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)  ကွပ်ကဲမှုအောက်ရှိ အမှတ်(၁)တည်ဆောက်ရေး(ပေါင်းလောင်း)၊ ပေါင်း လောင်း ဓာတ်အားပေးစက်ရုံ၊ နေပြည်တော်ပင်မဓာတ်အားခွဲရုံအမှတ်(၁)၊ ပျဉ်းမနားပင်မ ဓာတ်အားခွဲရုံ၊ရွှေမြို့ပင်မ ဓာတ်အားခွဲရုံနှင့် ဝဏ္ဏသိဒ္ဓိအားကစားဝင်းဓာတ်အားခွဲရုံတို့တွင် တစ်ချိန်တည်းတစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)