နေပြည်တော် ၁၂ ဇွန်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ခြင်း (၄/၂၀၁၉) အခမ်းအနားကို ဇွန် ၁၃ ရက် နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လစဉ်လုပ်ဆောင်ချက်များကို အများပြည်သူများ သိရှိနိုင်စေရန် ရှင်းလင်းမည်ဖြစ်ပါသဖြင့် မီဒီယာများ တက်ရောက်သတင်းရယူနိုင်ကြောင်း သိရသည်။
သျှားထက်(ဓာတု)