နေပြည်တော် ၄  ဇူလိုင်  

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ခြင်း (၅/၂၀၁၉)အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ်(၂၇)၌ ကျင်းပသည်။

အခမ်းအနားတွင် လျှပ်စစ်ဓာတ်အားခ နှုန်းထားပြောင်းလဲသတ်မှတ်ခြင်းနှင့် စီမံဆောင်ရွက်မှု အခြေအနေ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အားပြည့်ဝတည်ငြိမ်စွာဖြင့် ပိုမိုဖြန့်ဖြူးပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းအနေဖြင့် ရေနံချောင်းမြို့နယ်၊ ပင်းချောင်း ရေတွန်းစက်ရုံမှ လက်မှတ်ကုန်းသံကန်ကြီးသို့ ရေ ပေးပို့လျက်ရှိသော ၁၄ လက်မ ပင်မရေပိုက်လိုင်း၏ သံချေးစား၍ ပေါက်ပြဲဆွေးမြေ့နေရာများအား  ပိုက်အစားထိုးလဲလှယ် ဆက်သွယ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေ၊ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းအနေဖြင့် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား စနစ်တကျ ဆောင်ရွက်နိုင်ရန် စက်သုံးဆီသယ်ယာဉ်ကိုင်တွယ် ထိန်းသိမ်းခြင်းသင်တန်း (Fuel Bowser Handling Process Training Course) များ ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ ဗို့အားပြည့်မှီစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် 66kV သာကေတ-ပုသိမ်ညွှန့် Double Circuit လိုင်းတည်ဆောက်ပြီးစီးမှုနှင့် ဝန်အားပြည့်နေသော ထရန်စဖော်မာ အသေးများအား ထရန်စဖော်မာအကြီးများဖြင့် လဲလှယ်ခဲ့သည့်လုပ်ငန်းပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။

 

mdn

 

အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်း ထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

 

mdn