နေပြည်တော် မတ် ၅
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Tharaphu Soe Myint Co., Ltd. မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် Changan Avatr အမျိုးအစား လျှပ်စစ်သုံးယာဉ်များနှင့် China Auto Group Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် JMC JMEV EVEASY အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိသည်။
သတင်းစဉ်