လပွတ္တာ ၃၀ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ငါးသယံဇာတများ တိုးပွားစေရေး၊ ငါးထုတ်လုပ်မှု ပိုမိုတိုးတက်စေရေးရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျောက်မှော်ကျေးရွာအုပ်စု၊ အောက်ချောင်းကျေးရွာအနီး စိုက်ပျိုးရေးဦးစီးဌာန ပညာပေးစခန်းရှေ့ တောင်သူ ၂၀ ဦး၏ စပါးခင်းဧက(၁၀၀) အတွင်းသို့ ငါးသားပေါက် ကောင်ရေ ၅၀၀၀၀ အား COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ငါးမျိုး စိုက်ထည့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ လပွတ္တာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဦး၊ ခရိုင်ငါးလုပ်ငန်းဦးစီး ဌာနမှူး ဒေါ်ဝါဝါသိန်း၊ မြို့နယ်ဦးစီးဌာနမှူး ဦးထွန်း၀င်းအောင်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့၀င်များ၊ ခရိုင်နှင့်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၀န်ထမ်းများ၊ စပါးစိုက်တောင်သူများ တက်ရောက်၍ စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
MDN


