လပွတ္တာ ဇန်နဝါရီ ၆

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်၌ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစိမ်းကိုကိုနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လပွတ္တာမြို့ပေါ်ရှိ ရပ်ကွက်များတွင် တစ်အိမ် တက်ဆင်း မီးဘေးလုံခြုံမှုရှိစေရန် အတွက် မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေး စစ်ဆေး ထောက်ခံချက် (Fire Safety Cerfiticate) ရရှိရေး ဆောင်ရွက်သွားရန်၊ မီးချိတ်မီးကပ်များ၊ သဲပုံးရေပုံးများ၊ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိ‌ရေးနှင့် မီးလောင်မှု၊ မီးလန့်မှုများဖြစ်ပွား လာပါက အမြန်ဆုံး ငြှိမ်းသတ်နိုင်ရေး အပေါ့စားမီးသတ်စက် ထားရှိရေး၊ လျှပ်စစ်မီးကြိုးများ၊ ဝါယာကြိုးများ စနစ်တကျ တပ်ဆင် အသုံးပြုစေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။  

 

ခရိုင်(ပြန်/ဆက်)